top of page
Search

ကိုယ်ခံအားကျစေတဲ့အကျင့်ဆိုးတွေ လုပ်မိနေပြီလား???

  • Writer: A D
    A D
  • Apr 29, 2024
  • 1 min read

ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုရဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံစံနဲ့နေလဲဆိုတာက အရေးကြီးပါတယ်။ ဖြည့်စွက်အားဆေးတွေ သောက်နေတာပဲ၊ လေ့ကျင့်ခန်းတွေ လုပ်နေတာပဲ၊ ကောင်းကောင်း စားနေတာပဲ ဒါပေမဲ့ ဘာလို့ ကိုယ်ခံအားကျပြီး နေထိုင်မကောင်းခဏခဏဖြစ်နေလဲ မစဉ်းစားတတ်တော့ပါဘူးဆိုရင် ဒီအချက်တွေ လုပ်မိနေပြီလား ဆန်းစစ်ကြည့်ပေးပါ။


အထိုင်များခြင်း


အထိုင်များခြင်းဟာ လှုပ်ရှားမှုနည်းစေတာကြောင့် သွေးလှည့်ပတ်မှုအားနည်းပါတယ်။ ကြွက်သားတွေ အားနည်းပါတယ်။ နာကျင်ရောင်ရမ်းမှုတွေ အဖြစ်များပါတယ်။ ဟော်မုန်း ညီညွတ်မှု မရှိပါဘူး။ ဒါ့အပြင် ကိုယ်ခံအားကို လျော့နည်းစေပါတယ်။ နေ့စဉ် မနက်စောစောထပြီး မိနစ် ၃၀ လောက် လမ်းလျှောက်ပေးတာမျိုး လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တယ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တယ်ဆိုတာ ကိုယ်ရောစိတ်ပါ လန်းဆန်းကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။


စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေ များခြင်း


စိတ်ထောင်းရင် ကိုယ်ကြေတယ်ဆိုတာ ကြားဖူးတယ် ဟုတ်။ စိတ်ဖိစီးမှုများရင်၊ အရာရာကို စိုးရိမ်ပူပန်စိတ်များနေရင် စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေပါတယ်။


ဒီကာလမှာ စိတ်ပူပန်စရာတွေ များနေပေမဲ့ ကိုယ့်ရဲ့ကျန်းမာရေးကို စောင့်ရှောက်တဲ့အနေနဲ့ တတ်နိုင်သလောက် စိတ်ပူပန်မှုကို လျှော့ပါလို့။ တရားထိုင်တာ၊ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တာမျိုးနဲ့ပေါ့။ ❤️


အိပ်ရေး၀၀ မအိပ်ရခြင်း


ကိုယ်ခံအားနည်းစေတဲ့ အကျင့်ဆိုးတွေထဲမှာ အိပ်ရေး၀၀ မအိပ်တာကလည်း အတွေ့ရများတဲ့ ပြဿနာပါပဲ။ နောက်ကျမှ အိပ်ပြီး အိပ်ချိန်မလုံလောက်တာက ခေါင်းမူးခေါင်းကိုက်ဝေဒနာကစလို့ သွေးအားနည်းတာမျိုး ဖြစ်စေပြီး ကိုယ်ခံအားလည်း ကျစေပါတယ်။ ဒါကြောင့် အိပ်ရေး၀၀ အိပ်ဖို့ ကြိုးစားစေချင်ပါတယ်။


လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း


လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာရေးကောင်းတယ်ဆိုလို့ မေးစရာရှိပါတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတာ ရှိတာကြောင့် လေ့ကျင့်ခန်းလုပ်တာလည်း အလွန်အကျွံလုပ်ရင် လုံး၀ မကောင်းဘူးဆိုတာ ပြောပါရစေ။


ချွေးထွက်လွန်မယ်၊ မောဟိုက်မယ်၊ ကြွက်သားနာကျင်မယ် စသဖြင့် ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အလွန်အကျွံလုပ်တိုင်း မကောင်းတဲ့ အားကစားနည်းတွေကတော့ ရေကူးတာ၊ စက်ဘီးစီးတာ၊ ပြေးတာမျိုးတွေပေါ့။ အထူးသဖြင့် မိနစ် ၉၀ ထက် ပိုကို မပိုသင့်တဲ့ အားကစားနည်းတွေပါ။ ဒါကြောင့် ဘာလေ့ကျင့်ခန်းပဲ လုပ်လုပ်၊ ဘာအားကစားနည်းပဲ လုပ်လုပ် တစ်နေ့ကို မိနစ် ၃၀ စာပဲ လုပ်ပါလို့။


အချို အရမ်းစားခြင်း


အချိုအရမ်းစားတာကတော့ ဆီးချိုသွေးချိုရောဂါကို လက်ယပ်ခေါ်နေသလိုပါပဲ။ အဲဒီအချိုဓာတ်က ကိုယ်ခံစွမ်းအားကို ကျစေနိုင်သလို မှတ်ဉာဏ်ကိုလည်း ချို့တဲ့စေပါတယ်။ ဒါကြောင့် အချိုဓာတ်ကဲတဲ့အစားအစာတွေ၊ အချိုရည်တွေကို ရှောင်ပါ။


ဆေးလိပ်သောက်၊ အရက်သောက်ခြင်း


ဒါတွေကတော့ မပြောလည်း သိရမယ့် အချက်တွေပါပဲ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ရောင်ရောဂါကအစပြုလို့ ကိုယ်ခံအားစနစ်ကို ချွတ်ယွင်းစေပါတယ်။ ဒါ့အပြင် antioxidant level ကိုလည်း ကျစေပြီး အဆုတ်ကို ပျက်စီးစေတာကြောင့် ကာကွယ်နိုင်စွမ်းတွေ လျော့ကျစေပါတယ်။


ကဲ... ဒီတော့ ဒီအကျင့်တွေထဲက တစ်ခုခုများ လုပ်မိခဲ့ရင် ခုကစလို့ ပြင်ကြရအောင်ပါ။ 🥳


အိပ်ရေး၀၀ အိပ်၊ ကိုယ်ခံအားမြင့်မားစေတဲ့ အစားအစာတွေလည်း စားရင်း၊ Timo သဘာ၀ ငှက်သိုက်ရည်ကိုလည်း သောက်ရင်း အနာဂတ်လှလှကို ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ကြိုဆိုကြမယ်နော်။ 😎




Comments


bottom of page