top of page
Search

ဂျင််ဆင်းရဲ့ တကယ့် အကျိုးသက်ရောက်မှုတွေကို သင်သိထားပါသလား ? 🤔

အသက်အရွယ်ကြီးလာတာနဲ့အမျှ လူတိုင်း ငါ အိုမင်းမစွမ်း အရွယ်ကို ဖြတ်သန်းရတော့မှာလားဆိုတဲ့ စိုးရိမ်စိတ်ကြီးက နေရာယူတတ်ကြပါတယ်။ အစိုးရိမ်ကြီးရင် ပိုပြီး အိုမင်းရင့်ရော်လာတတ်သလို စိတ်ရောလူပါ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ "စိတ်ပျို ကိုယ်နု" ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ ဒါကြောင့် ရှိရင်းစွဲအသက်ကို မေ့ထားပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ၁၈ နှစ်လိုပဲ တွေးပြီး ပစ္စုပ္ပန်တည့်တည့်ကိုပဲ ပျော်အောင် နေကြည့်ပါ။


ကိုယ့်ရဲ့ရင်နှစ်သည်းချာသားသမီးလေးတွေက အတောင်စုံလို့ ပျံကုန်ကြပြီး တစ်ယောက်တည်း ကျန်နေခဲ့ရတယ်ဆိုရင်တောင် အနားမှာ ကိုယ်လို ဘ၀တူတွေ အများကြီး ရှိတဲ့နေရာတွေ ဒါမှမဟုတ် စကားပြောဖော်ရမယ့် နေရာလေးတွေ သွားပြီး လည်ပတ်ကြည့်ပါ၊ စျေးဝယ်ထွက်ကြည့်ပါ။ ဒါမှမဟုတ် ဇာတ်လမ်းတွဲလေးတွေ ကြည့်ပြီး စိတ်ကို အပန်းဖြေကြည့်ပါ။ စိတ်လေးကို ထားတတ်အောင် ကြိုးစားပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက်ပဲ အဓိက ဖြတ်သန်းရင်း Timo American Ginseng ငှက်သိုက်ပေါင်းရည်လေးကို နေ့စဉ်မှီဝဲကြည့်ပါ။


Timo American Ginseng ငှက်သိုက်ပေါင်းရည်က -

  1. အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်သလို အရွယ်အရ ဖြစ်တတ်တဲ့ ဝေဒနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

  2. သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာမို့ ဆီးချိုသွေးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  3. ဦးနှောက်အာရုံကြောစနစ်အတွက် Positive Effect တွေ အများကြီး ရစေတာမို့ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကို လျော့နည်းစေပြီး Depression စိတ်ကျဝေဒနာကိုလည််းကာကွယ်ပေးနိုင်််သလို သက်ကြီးသတိမေ့ရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။

  4. အဓိကကတော့ Antioxidant ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်တာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေမယ့်အကြောင်းအချက်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

  5. အရွယ်တင်နုပျိုစေနိုင်ပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

  6. အမျိုးသမီးတွေဆိုရင် သွေးဆုံးခါနီးဖြစ်ပေါ်တတ်တဲ့ ဝေဒနာတွေ၊ ရောဂါလက္ခဏာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်လိုပဲ အမြဲနုပျိုနေအောင် Timo American Ginseng Bird's Nest လေးလည်း ပုံမှန်မှီဝဲပေးပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။ 😊


Timo အမေရိကန်ဂျင်ဆင်း ငှက်သိုက်ပေါင်းရည်ကို City Care ဆိုင်တိုင်း၊ ရွှေအိုးဆေးဆိုင်တိုင်းနဲ့ medicare ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်သလို ဒီ Website လေးရဲ့ Contact Page ကနေလည်း ဆက်သွယ်ပြီး အိမ်တိုင်ရာရောက် မှာယူလို့ ရပါတယ်ရှင်။







Commentaires


Les commentaires ont été désactivés.
bottom of page