top of page
Search

ဖုန်ထူလှတဲ့ နွေနဲ့ အသက်ရှူလမ်းကြောင်းပြဿနာ 😷

  • Writer: A D
    A D
  • Apr 25, 2024
  • 1 min read

အားလုံးသိတဲ့အတိုင်း ပူပြင်းလှတဲ့ နွေရာသီထဲကို တဖြည်းဖြည်းတိုးဝင်လာနေပြီမို့ နွေရာသီနဲ့အတူ ပါလာတတ်တာက ခြောက်သွေ့တဲ့လေတွေနဲ့ ဖုန်တွေ၊ လေထုညစ်ညမ်းမှုတွေပါပဲ။ ရန်ကုန်လို မြို့ကြီးတွေထက် ပုဂံလို လူနည်းပြီး ကျယ်ဝန်းတဲ့နေရာတွေမှာ ပိုသိသာပါတယ်။ ဖုန်ထူတာကတော့၊ လေထုညစ်ညမ်းတာကတော့ အားလုံးနေရာတိုင်း အတူတူပါပဲ။ လေထုညစ်ညမ်းခြင်း၊ ဖုန်ထူခြင်းရဲ့နောက်မှာ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ရှိလာတတ်ပါတယ်။


အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ဖုန်တွေကို ရှူရှိုက်မိတဲ့အခါ အသက်ရှူကျပ်ခြင်း၊ အသက်ရှူမ၀ခြင်း၊ ချောင်းဆိုးရင်ကျပ်ခြင်း၊ နှာချေခြင်း၊ allergy ဖြစ်ခြင်း စတဲ့ ပြဿနာတွေကစလို့ အဆုတ်ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။


အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကျန်းမာရေးအတွက် ဆေးတွေ သောက်စရာမလိုဘဲ သဘာ၀ကျကျ ကာကွယ်လို့ ရစေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးပါမယ်နော်။ Deep Breathing အသက်ကို ခပ်ပြင်းပြင်းရှိုက်သွင်းပြီး ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်တဲ့ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ပေးပါ။ အဆုတ်ကျန်းမာရေးကောင်းစေတဲ့အပြင် သွေးတွင်း အောက်ဆီဂျင်စီးဆင်းမှုကိုပါ ချောမွေ့စေတာမို့ ခန္ဓာကိုယ်တွင်း ဆဲလ်တွေ ကျန်းမာစေပါတယ်။ Physically active လေးတွေ ပုံမှန်လုပ်ပေးပါ။ နှလုံးနဲ့ အဆုတ်ကျန်းမာရေးကောင်းမွန်စေပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

- ဆေးလိပ်သောက်တတ်ရင် ရပ်လိုက်ပါ။ ဆေးလိပ်သောက်တာက အဆုတ်ပျက်စီးဖို့ အမြန်ဆုံးနည်းလမ်းဖြစ်ပြီး အသက်တိုစေတာကြောင့် သက်ရှည်ကျန်းမာစွာနေထိုင်လိုတယ်ဆိုရင်တော့ ဆေးလိပ်မသောက်ပါနဲ့တော့။


ခြုံပြောရရင် အဆုတ်ကျန်းမာရေးဟာ ခန္ဓာကိုယ် ကျန်းမာရေးတစ်ခုလုံးအတွက် အရေးကြီးတဲ့ ဆုံချက်တစ်ခုဖြစ်နေတာကြောင့် ဂရုစိုက်နိုင်တာထက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ လေထုညစ်ညမ်းတဲ့နေရာတွေကို ခဏခဏ သွားတာ ရှောင်ကြဉ်ပြီး မဖြစ်မနေဆိုရင်တော့ Mask တပ်ပါ။




ရှီးပဒီးဟာ အသက်ရှူလမ်းကြောင်းကျန်းမာရေးကို အကျိုးသက်ရောက် ကောင်းမွန်စေတယ်လို့ တရုတ်တိုင်းရင်းဆေးပညာရပ်တွေမှာ ဆိုကြပါတယ်။ ရှီးပဒီးဟာ အဆုတ်လေပြွန်ကျုံ့ခြင်းကို တားဆီးပေးနိုင်တာကြောင့် အဆုတ်လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေတဲ့အပြင် ပန်းနာရပ်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေ၊ ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ်။

အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေဖို့ ပုံမှန်အားဆေးအဖြစ် မှီဝဲချင်တယ်ဆိုရင်တော့ Timo က ထုတ်လုပ်တဲ့ Timo ရှီးပဒီးငှက်သိုက်ပေါင်းရည်ကို နေ့စဉ် ပုံမှန်သောက်ပေးပါလို့ ပြောပါရစေ...

Timo ရှီးပဒီးငှက်သိုက်ပေါင်းရည်ဟာ

 ရှီးပဒီးနှင့် ငှက်သိုက်ကို အချိုးကျ ပေါင်းစပ်ထားပါတယ်။

 အဆုတ်အားကောင်းစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပါတယ်။

 ကိုယ်ခံအားမြင့်မားပြီး သက်လုံကောင်းစေပါတယ်။

 ကင်ဆာရောဂါဓာတ်ကင်ခြင်းနှင့် ခွဲစိတ်အနာများကို လျင်မြန်စွာ သက်သာစေပါတယ်ရှင်။

Timo ရှီးပဒီးငှက်သိုက်ပေါင်းရည်ကို မှာယူလိုပါက Page Messenger ကနေ သို့မဟုတ် 09 420 10000 8 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

 
 
 

Comments


bottom of page