ဘေဘီတို့ ဘက်စုံကျန်းမာဖွံ့ဖြိုးစေဖို့....👦🏻👧🏻
- A D
- Apr 29, 2024
- 1 min read
😍 မေမေတို့ရေ ရွေးရခက်တဲ့ ဖြည့်စွက်အားဆေးတွေ အများကြီး ရှိတဲ့ထဲမှာမှ ကိုယ့်ဘေဘီလေးတွေ စားနေကျလိုပုံစံလေးလည်း ဖြစ်ရမယ်၊ ဘေဘီလေးတွေ အကြိုက်လည်း ဖြစ်ရမယ်၊ တကယ်လည်း ထိရောက်တဲ့ effect လည်း ရှိရမယ်၊ စျေးလေးလည်း ချိုရမယ်၊ ဘယ်မှာ ဝယ်ဝယ် လွယ်လွယ်ဝယ်လို့ ရမယ်၊ ဘေဘီတွေအတွက် ဖြည့်စွက်အားဆေး ဘာလိုလို လိုချင်တာ တစ်နေရာတည်း အစုံရတာလေးလည်း ဖြစ်ရမယ်ဆိုရင်တော့ One Q Gummy ကိုသာ ရွေးချယ်လိုက်ပါေနာ်...
ရနိုင်တဲ့ ဖြည့်စွက်အားဆေးလေးတွေက အားလုံး ၇ မျိုး ရှိပါတယ်။
အရပ်လည်း ရှည်၊ ဉာဏ်လည်း ထက်စေဖို့....
One Q Gummy Calcium & Vitamin D
အရိုးအဆစ်များကို ကျန်းမာသန်စွမ်းစေပြီး သွားများကို ခိုင်မာစေသည်။
ကြွက်သားများကိုသန်စွမ်းစေပြီး ကျုံ့ဆန့်နိုင်စွမ်းအားကို ကောင်းမွန်စေသည်။
အရိုးပျော့ခြင်း၊ အရိုးပွခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သည်။
ကယ်လ်ဆီယမ်ဓာတ်စုပ်ယူမှုကို အားကောင်းစေပြီး အရပ်ရှည်စေရန် အထောက်အကူပြုသည်။
အစာစားချင်စိတ် ဖြစ်ပေါ်စေပြီး ကိုယ်ခံအား မြင့်မားစေတဲ့....
One Q Gummy Cordyceps, Lysine & Vitamin C
အစာစားချင်စိတ်ကို မြှင့်တင်ပေးသည်။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး မကြာခဏ ဖျားနာခြင်းမှ ကာကွယ်ပေးသည်။ ရှီးပဒီးပါဝင်ပြီး အဆုတ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်စသော ကိုယ်တွင်းအင်္ဂါများကို အားဖြည့်ပေးသည်။ တီဘီရောဂါနှင့်၊ အဆုတ်ရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်သည်။
ဖျားနာတုပ်ကွေးကင်းဝေးပြီး ကိုယ်ခံအားကောင်းစေတဲ့...
One Q Gummy Zinc & Vitamins
ဇင့်၊ ဗီတာမင်စီ၊ ဗီတာမင်ဒီတို့ကို ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ကိုယ်ခံအားကောင်းမွန်စေပြီး မကြာခဏဖျားနာခြင်း၊ မကြာခဏ ဝမ်းလျှောခြင်းနှင့် သွားဖုံးသွေးယိုခြင်းမှ ကာကွယ်ပေးနိုင်သလို အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါသည်။ အနာကျက်မြန်စေပြီး ခန္ဓာကိုယ်တွင်းသို့ ပြင်ပမှရောဂါပိုးမွှားများ အလွယ်တကူမဝင်ရောက်နိုင်ရန် တားဆီးပေးသည်။
ဝမ်းဗိုက်ကျန်းမာရေးကောင်းစေတဲ့....
One Q Gummy Veggie & Prebiotic
အမျှင်ဓာတ်နည်းပါးလို့ ဖြစ်တဲ့ ဝမ်းချုပ်ခြင်း၊ ဝမ်းမမှန်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ ဖြစ်ပွားခြင်း စတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အမျှင်ဓာတ်ပါဝင်မှုများလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးပါလိမ့်မည်။ အသီးအရွက်အစားနည်းသော ကလေးငယ်များအတွက် လိုအပ်သောအာဟာရများကို ဖြည့်စွက်ပေးသည်။
မှတ်ဉာဏ်ဖွံ့ဖြိုး ဉာဏ်ရည်တိုးစေတဲ့....
One Q Gummy Omega 3
ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေသည်။ အာရုံကြောများ၏ လိုအပ်သော အာဟာရဓာတ်ကို အပြည့်အဝ အားပေးသည့်အတွက် အာရုံကြောစနစ်၏ လုပ်ဆောင်မှုကို အားကောင်းစေသည်။
မျက်လုံးနှင့် နှလုံးစွမ်းဆောင်ရည်ကို ကောင်းမွန်စေသည်။
ဦးနှောက်ဆဲလ်အတွက် အကျိုးပြုပြီး ဖြတ်ထိုးဉာဏ် ကောင်းမွန်စေပါသည်။
ကျန်းမာသွက်လက် ဉာဏ်လည်း ထက်စေတဲ့....
One Q Wellness Emulsion Omega 3, Calcium & Vitamin D
ဦးနှောက်နှင့်မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေသည်။
အာရုံစူးစိုက်မှု ကောင်းမွန်စေပြီး ကလေးငယ်များသင်ယူမှုကို အထောက်အကူပြုသည်။
အရိုးသိပ်သည်းဆများစေသောကြောင့် အရိုးနှင့်သွားကျန်းမာရေးအတွက် အထောက်အကူပေးနိုင်သည်။
ဘက်စုံကျန်းမာဖွံ့ဖြိုးစေတဲ့....
One Q Wellness Emulsion Lysine & Multivitamins
အစာစားချင်စိတ်ကို မြှင့်တင်ပေးသည်။
ဗီတာမင်အစုံ ပါရှိသောကြောင့် ခန္ဓာကိုယ်ဘက်စုံ ကျန်းမာဖွံ့ ဖြိုး တိုးတက်စေသည်။
ဗီတာမင်ချို့တဲ့ခြင်းကြောင့်ဖြစ်သော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။
ကဲ... မေမေတို့ ကြိုက်ရာ ရွေးချယ် ကောင်းတာရွေးမယ်နော်... သိတယ် ဟုတ်! 😉

Comments