သင်သိထားသင့်တဲ့ က ေလးရဲ့ မျက်လုံးနှင့် နှလုံးစွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့အတွက် လိုအပ်ချက်??....
- A D
- Apr 29, 2024
- 1 min read

ကလေးလေးတွေလည်း ဂိမ်းစွဲတတ်သလို Screen Time လည်း စွဲတတ်ပါတယ်။
ဒီဘက်ခေတ်က စာသင်လည်း screen time, YouTube ကြည့်လည်း screen time, ဂိမ်းကစားလည်း screen time ညအိပ်ရာဝင်သီချင်းလေးတွေ နားထောင်လည်း screen time... နဲ့ မလွတ်နိုင်တဲ့ screen time တွေကြားထဲမှာ ကလေးလေးတွေရဲ့ တချို့တချို့သော အရာတွေက ထိခိုက်လာပါတယ်။
ဘယ်လိုအရာတွေပါလိမ့်...💡
အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။
ကလေးသူငယ်အ၀လွန်ခြင်းရောဂါဖြစ်လာပြီး တက်ကြွလှုပ်ရှားမှု မရှိ လေးလံနှေးကွေးလာပါတယ်။
မှတ်ဉာဏ်ဖွံ့ဖြိုးမှုနဲ့ ဖြတ်ထိုးဉာဏ် တဖြည်းဖြည်း နည်းလာပါတယ်။
စာသင်ရာမှာ စိတ်မပါသလိုဖြစ်ပြီး ဘာကိုမှ စိတ်မပါသလို ယောင်နနပုံစံမျိုး ဖြစ်နေတတ်ပါတယ်။
မျက်လုံးတွေဝါးပြီး မျက်စိမှုန်လာတတ်ပါတယ်။
ဒါတွေဟာ မသိလိုက် မသိဘာသာနဲ့ screen time များလာခြင်းရဲ့ side effect တွေပါပဲ။
အဲဒီထဲမှာ ဂိမ်းတွေ စွဲလာမယ်ဆို ပိုဆိုးပါပြီ။ တကယ်ကို ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်မှာပါ။
ဒါကြောင့် ဘေဘီတွေကို screen time ပေးကြည့်တဲ့အခါ အချိန်လေး သတ်မှတ်ပေးထားပါ။ မင်မင့်ရဲ့သားသမီးတွေကလည်း ဒီဘက်ခေတ်မှာ ကြီးပြင်းလာတာမို့ သူတို့လေးတွေလည်း screen time နဲ့ လုံး၀ မလွတ်ပါဘူး။ ဒါပေမဲ့ မင်မင်က ဒီလိုလေး စည်းကမ်းလုပ်ပေးထားပါတယ်။
တစ်ရက်ကို ၁၀ နာရီ (သို့မဟုတ်) ၂ နာရီ ထိုးရင် မိနစ် ၂၀ ကြည့်ခွင့် (ဖုန်းပဲ ကြည့်ကြည့်၊ ကွန်ပျူတာပဲ ကြည့်ကြည့်၊ တီဗီပဲ ကြည့်ကြည့်ပါ) သူတို့အတွက် မိနစ် ၂၀ ဆိုတာ တကယ်တမ်း Roblox ဂိမ်း တို့၊ Minecraft တို့ ကစားရင် ခဏလေးနဲ့ ပြည့်သွားတတ်တာပါ။ ဒါပေမဲ့ မိနစ် ၂၀ ထက်ကျော်သွားရင် နောက်ရက်ကို ကျော်သွားတဲ့မိနစ်နှုတ်ပြီး ပေးပြပါတယ်။ ဒါဆို သူတို့နောက်ရက်တွေကို အတိအကျပဲ ဆော့ပါတော့တယ်။ ဒီအကျင့်ကို ငယ်ငယ်ကတည်းက train ပေးရင် ရပါတယ်။ သူတို့ဘာသာ နာရီကြည့်ပြီး timer ပေးမှတ်တတ်လာပါလိမ့်မယ်။
ကလေးပေါက်စအရွယ်ကတည်းက screen time များလာခဲ့ရင် အသက် ၁၀နှစ်လောက်အရွယ်မှာ မျက်မှန်ပါဝါအများကြီး တပ်ရပြီး ခဏခဏ မေ့တတ်လာပြီး အာရုံစိုက်လို့မရတဲ့ရောဂါဖြစ်တတ်တယ်၊ အရမ်းဆိုးရင် စွဲလမ်းလွန်စိတ်ရောဂါ ရတတ်တယ်လို့သာ သူတို့ကို ပြောပေးပါ။ ဒါဆို သူတို့က စကားနားထောင်ပါလိမ့်မယ်နော်။
ကလေးတို့ရဲ့မှတ်ဉာဏ်ကောင်းဖို့အတွက်ရော၊ အမြင်အာရုံကြည်လင်စေဖို့အတွက် One Q Gummy ထဲက အားဆေးကျွေးချင်တယ်ဆိုရင် One Q Gummy Omega 3 ရှိပါတယ်။
One Q Gummy Omega 3 ဟာ
ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေပါတယ်။
အာရုံကြောများ၏ လိုအပ်သော အာဟာရဓာတ်ကို အပြည့်အဝ အားပေးသည့်အတွက် အာရုံကြောစနစ်၏ လုပ်ဆောင်မှုကို အားကောင်းစေနိုင်ပါတယ်။
မျက်လုံးနှင့် နှလုံးစွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။
ဦးနှောက်ဆဲလ်အတွက် အကျိုးပြုပြီး ဖြတ်ထိုးဉာဏ် ကောင်းမွန်စေပါတယ်။
Komentari