အမျိုးသမီးတိုင်း နာကျင်ကိုက်ခဲမှုကင်းဝေးပြီး လန်းဆန်းတက်ကြွတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ဖို့ လျှို့ဝှက်ချက် 🤫
- A D
- Apr 29, 2024
- 1 min read
မိန်းကလေးတွေ အကြောက်ဆုံးအချိန်က ရာသီစက်ဝန်းတစ်ပတ်လည်တဲ့အချိန်ပဲဆိုရင် မမှားပါဘူး။ 😥ဘာကြောင့်ဆိုတော့ ဓမ္မတာမလာခင် ကိုက်ခဲနာကျင်မှုတွေကြောင့်ရော လာနေစဉ် ကိုက်ခဲနာကျင်မှုတွေကြောင့်ရောပေါ့။
Premenstrual syndrome ဝေဒနာရဲ့ လက္ခဏာတွေက...
စိတ်ဓာတ်ကျခြင်း၊
ပင်ပန်းနွမ်းနယ်ခြင်း၊
အလိုလိုစိတ် တိုနေခြင်း၊
ရင်သား နာကျင်ခြင်း၊
လေပွသလို ခံစားရခြင်း၊
ခေါင်းကိုက်ခြင်း၊
ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲမှုတွေ ခံစားရခြင်းများ ဖြစ်တတ်ပါတယ်။
ဒါတွေ မခံစားရအောင် ကြိုတင်ကာကွယ်လို့ ရမယ့် လျှို့ဝှက်ချက်လေးတွေ က ေတာ့-
ရေနွေးနွေးလေးနဲ့ ရေချိုးခြင်း၊
Caffeineဓာတ်ပါတာလေးတွေ သောက်တာ စားတာ လျှော့ခြင်း၊
အိပ်ရေး၀၀ အိပ်ခြင်း၊
တစ်ကိုယ်ရေသန့်ရှင်းမှုလေးကို ဂရုစိုက်ခြင်း၊
ယောဂ (သို့မဟုတ်) လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊
သက်သောင့်သက်သာ ရှိတဲ့ အဝတ်အစားလေးဝတ်ခြင်း၊
နာကျင်ကိုက်ခဲမှု မဖြစ်ခင် ကြိုတင်ပြီး အာဟာရပြည့်၀တဲ့ အစားအစာစားခြင်း၊
ရေခဲေရ မသောက်ဘဲ ရိုးရိုးရေသောက်ခြင်း၊
Ginger Tea နွေးနွေးလေး သောက်ခြင်းများ ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ American Ginseng ပါဝင်တဲ့ Timo American Ginseng ငှက်သိုက်ရည်လေးကို ပုံမှန် မှီဝဲပေးမယ်ဆိုရင်...
ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့အပြင် အားအင်ပြည့်၀ လန်းဆန်းတက်ကြွတဲ့ နေ့ရက်တွေက အမျိုးသမီးလေးတွေရဲ့ ရှေ့မှာ ရောက်နေမှာပါလို့ ပြောပါရစေ...
Timo American Ginseng ငှက်သိုက်ရည်က -
သဘာ၀ငှက်သိုက် ၈၀% နဲ့ အမေရိကန် ဂျင်ဆင်း ၁၈% ထည့်သွင်းပေါင်းစပ်ထားတာကြောင့် အမျိုးသမီးများ ဓမ္မတာလာခါနီးနာကျင်ကိုက်ခဲမှုကို သက်သာလျော့ပါးစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးပါတယ်။
ကိုယ်အလေးချိန် ထိန်းညှိပေးပြီး အ၀လွန်ခြင်းကနေ ကာကွယ်ပေးပါတယ်။
တစ်နေကုန် အားအင်ပြည့်၀လန်းဆန်းနေစေပြီး စိတ်ဖိစီးမှုကင်းဝေးစေပါတယ်နော်...
Timo အမေရိကန်ဂျင်ဆင်း ငှက်သိုက်ပေါင်းရည်ကို City Care ဆိုင်၊ ရွှေအိုးဆေးဆိုင်တိုင်းနဲ့ Medicare ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်သလို ဒီ Page လေးရဲ့ Contact Page ကနေလည်း အိမ်တိုင်ရာရောက် မှာယူလို့ ရပါတယ်ရှင်။ 😊

Commentaires